==== Warmly welcome to | Knowledge Seeker Tutorials Zone | ====

Search This Blog

Thursday, March 21, 2013

ကွန်ပျူတာရောက်တတ်ရာရာ

=====ကွန်ပျူတာမှာ search လုပ်တယ်ဆိုတာ မလိုပါဘူး ပိတ်လိုက်ပါ…. Antivirus တစ်ခုလိုပဲ စက်ကို လေးပင်စေပါတယ်…. Run>services.msc>Windows search ကို right click>property နှစ်ချက်နှိပ် startup type ကို disabled လုပ်လိုက်ပါ အနည်းငယ်ခန့်  မြန်လာပါပြီ====
====ကွန်ပျူတာ လာကိုင်တဲ့ လူတွေကို နည်းနည်းလောက် လှည့်စားလိုက်မယ်….Run>main.cpl>pointer options အောက်ကို သွားပါ….motion ကို အမြင်ဆုံး တင်လိုက်ပါ…. Mouse pointer လေးက ကိုင်ရတာ မြန်သွားပါမယ်….စက်သုံးရတာလည်း မြန်သလို အခုမှ ကိုယ့်ကွန်ပျူတာကို ကိုင်ဖူးတဲ့လူ ဆိုရင်လည်း စက်က performance ကောင်းတယ် မြန်တယ် လို့  ထင်သွားမှာပါ ပါခင်ဗျ ခိခိ====
====Desktop ပေါ်က မလိုအပ်တဲ့ shortcut တွေကို ဖြတ်လိုက်ပါ…. ဖြစ်နိုင်ရင် တစ်ခုမှ မရှိလေ ကောင်းလေပါပဲ…. စက်ကလေးက မြန်လာပါပြီ ရှင်====
====Desktop background ကို windows logo လေးပဲထားပါ မထားချင်လည်း အရောင် တောက်တောက်နဲ့  amination များသောပုံများကို ရှောင်ပြီး ရိုးရိုးရှင်းပုံလေးထားပါ…. Size(KB) သေးလေ ကောင်းလေးပါပဲ…. ဒန်ဒန် မြန်မြန်====
==== ကွန်ပျူတာက လှဖို့ လိုဘူး မြန်ဖို့  ပဲလိုတယ်….နာက အလှသမား ဟုတ်ဘူး ဘ၀သမား ဟက်ကာကြီးကွ ဆိုသူများ windows themes ကို basic ပြောင်းလိုက်ပါ Run>control Desktop မှာ themes တွေရှိပါတယ်…. Scroll bar လေး(အပေါ်အောက် ဆွဲတင် ဆွဲချ လုပ်လို့ ရတဲ့ ဟာကြီး) ကို အောက်ဆုံးထိ ဆွဲလိုက်ပါ…. အဲမှာ Windows 7 Basic ဆိုတာ ရှိပါတယ်….ရွေးလိုက်ပါ…. ဟားဟား ဟီးဟီး အဟက်ဟက် ခွီးခွီး(ဆေးသောက်ချိန် တန်ပြီ) မြန်မြန် ဒန်ဒန်====
====Task bar(ကွန်ပျူတာ screen အောက်ဆုံးက အတန်းကြီး) ကို right click နှိပ် property ကို ၀င်…. ပေါ်လာတဲ့ box လေးရဲ့ အောက်ဆုံးနားလေးမှာ Use Aero Peek to preview the desktop ဆိုတာလေးမှာ အမှန်ခြစ်လေး ရှိရင် ဖြုတ်….ဒီကောင်မလေးက ဘာလုပ်တာလည်း ဆိုရင် screen ညာဘက် အောက်ဘက် ထောင့်ဆုံးလေးက ထောင်နေတဲ့ အတန်းလေးကို mouse pointer လေးတင်လိုက်ရင် desktop ကိုမြင်ရတာပါ….ဆိုလိုတာက ကိုယ်က ဘာ ပရိုဂရမ်ပဲ သုံးနေနေ desktop ကိုမြင်ရပါတယ်…ဥပမာ Mozilla ကိုဖွင့်ထားတယ် desktop ကိုမြင်ရဖူး….ထောင်နေတဲ့ ကောင်မလေးကို တင်ကြည့်လိုက်ပါ Mozilla ကိုမပိတ်ပဲ desktop ကိုမြင်ရပါတယ်….တင်နဲ့  ဖယ်တော့….သွား………ဟီး Mozilla ဆီ ပြန်ရောက်ပါပြီ မလိုပါဘူး အဲ function က….အမှန်ခြစ်ရှိရင် သုံးမယ် မရှိရင် မသုံးဘူး ဖြစ်သွားပါပြီ….အခု………..ဂွမ်ဂွမ်====
====Control panel>user accounts>change user account control setting ထဲဝင်ပါ….control panel ထဲဝင်ဖို့  အခက်ခဲရှိရင် start button(ဘယ်ဘက် အောက်ဆုံးက အလုံးလေး) ကိုနှိပ် အပေါ်ဆုံးမှာ လေးထောင့်ပုံလေးရှိတယ် နှိပ်သာ ချလိုက် user accounts ထဲ ရောက်ပြီိ user…………..setting မှာ အတုံးလေးကို အောက်ဆုံးလေးထိ ချလိုက်…. စိတ်ချ bro တို့ ရေ ဘာမှ မထိခိုက်ဘူး  အဲလို လုပ်လိုက်တာလေးက ဘာလည်းဆိုရင် software တွေ install လုပ်ရင် မေးမေး တတ်တဲ့ တစ်ကယ် လုပ်မှာလား ဆိုတဲ့ မေးခွန်းကြီး ကို မမေးခိုင်းတာပါ…. မန်မန်……….ဟုတ်ဝူးးးးးးးးးဟုတ်ဝူးးးးးးးးးးးးးးးး မြန်မြန်====
====Run>msconfig ထဲက startup အောက်ကို ကြည့်ပါ အဲထဲမှာ ကိုယ်ဘာသာ installed လုပ်ထားပြီး ကိုယ်လည်း သိတဲ့ software တွေကို အမှန်ခြစ်တပ်ထားရင် ဖြုတ်လိုက်ပါ….ဥပမာ Vzo chat, skype,adobe reader အဲလို ဆော့ဝဲလ် မျိုးတွေပေါ့ မသိတာကို မဖြုတ်လိုက်ပါနဲ့ ….ဖြုတ်ပြီးမှ အနော့်ကို လာပြီး ထိုးနဲ့  ကြောက်တယ်….ဟီး သူကဘယ်လို အလုပ်လုပ်တာလည်းဆိုတော့ အမှန်ခြစ် တပ်ထားတဲ့ ဆော့ဝဲလ်က windows စတက်ပြီဆိုတာနဲ့  အလုပ်လုပ်မယ်…. မတပ်ထားတဲ့ ဆော့ဝဲလ်က ကိုယ်က သွားဖွင့်မှ အလုပ်လုပ်မယ် ဒါပဲ…ဒါကြောင့် ကိုယ်လိုမှ သုံးမယ့် ဆော့ဝဲလ်တွေပါရင် ဖြုတ်လိုက်ပါ ဥပမာ skype ပေါ့ ၀င်းဒိုးစတက်တာနဲ့  သူ့ ကိုမလိုပါဘူး တက်ပြီး ရင်လည်း သုံးဖြစ်ချင်မှ သုံးမှာလေ…. သူတို့ တွေကိုဖွင့်နေရရင် windows တက်တာကြာနေမှာပေါ့…. နောက်ကိုယ်လိုရင် ကြိုက်တဲ့ အချိန် ပုံမှန် အတိုင်းဖွင့်လို့  ရပါတယ် ၀ါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး မိန်းမလိုချင်တယ် လိုချင်တယ်…..မြန်မြန်====
====Run>msconfig ထဲဝင်လိုက်ပါ boot အောက်က Advanced options ကိုနှိပ်ပါ…. Number of processors ကို အမှန်ခြစ် ပေးလိုက်ပါ…. 1 လို့ ရေးထားတဲ့ အတန်းလေးကို နှိပ်ပါ…. 2,3,4 စသဖြင့် တစ်ယောက်နဲ့  တစ်ယောက်တူမှာ မဟုတ်ပါဘူး 2 ပဲရှိတဲ့လူနဲ့  3 ထိပဲရှိတဲ့လူနဲ့  4 ထိရှိတဲ့ လူနဲ့  အမျိုးမျိုးဖြစ်နေမှာပါ…. အမြင့်ဆုံး ဂဏန်းကို ရွေးလိုက်ပါ…. ကျွန်တော် အားမပေးပါဘူး ဒါကြီးကို ပြောပြောနေ ကြလို့  ဗဟုသုတ လေးလည်းဖြစ် သုံးချင်တဲ့လူ ရှိခဲ့လည်း သုံးလို့ ရအောင်ပါ…. processors နာမယ်ထင်ပါတယ်…. ပုံမှန်ပဲကောင်းပါတယ်…. မသိမသိ====
====Run>mmsys.cpl က sounds အောက်မှာ အတန်းရှည်ရှည်လေး တစ်ခုရှိပါတယ် အများစုကတော့ windows default လို့ ရေးထားမယ်ထင်တယ်….အဲ အတန်းလေးကို နှိပ်ပြီး no sounds ကိုရွေးလိုက်ပါ…ကွန်ပျူတာ သုံးနေရင်း ထွက်ထွက်လာ တတ်တဲ့ အသံတွေကို ဖယ်လိုက်တာပါ….အောက်ကို ဆက်ကြည့်ပါ… play windos startup sound ဆိုတာလေးမှာ အမှန်ခြစ် ရှိလားလို့  ကြည့်ပါ… ရှိရင် ဖြုတ်လိုက်ပါ… အဲဒါကြီး တော်တော် ဒုက္ခပေးတယ်…. ညဘက်လေး အင်တာနက် ခိုးသုံးပါတယ် ကွန်ပျူတာ မို့ ဖွင့်ရဲဘူး တလွမ်!!!!!!!!!!! ဆိုပြီး windows စတက်တာနဲ့  အသံကြီး ထွက်လာရော…. မထွက်စေချင် ပိတ်ထားပေါ့……….. မြန်မြန် ခိုးခိုး====
====Run>powercfg.cpl ကိုဝင်ပါ….ပေါ်လာတဲ့ box ရဲ့ အလယ်လောက်မှာ Balanced တို့  high performance တို့ တွေ့ ပါလိမ့်မယ်…. High performance ကို အလုံးပေးလိုက်ပါ….အဟီးးး အမှန်ခြစ်လို့ မှမရတော့တာ…. ဆိုလိုတာက Balanced ဆို မီးအား သိပ်မဆွဲဘူး ကွန်ပျူတာလည်း သိပ်မမြန်ဘူး…. High performance ဆို မီးအား ဆွဲမယ် ကွန်ပျူတာ မြန်မယ်….power save ဆိုရင် ကွန်ပျူတာ မမြန်ဘူး မီးအားသက်သာမယ်….ဒါက desktop computer တွေအတွက်ပါ…. Laptop က bettery ကြီးနဲ့  သုံးရတာပါ ခဏလေးနဲ့ ကုန်ကုန်မှာပေါ့…. မြန်မြန် ကျန်ကျန်====
==== ကြားဖြတ်ခင်ဗျ…. အားလုံးလည်း ပျင်းကုန်ပြီလား သိဘူး အရှည်ကြီးဆိုတော့ ထူးဘူးဗျာ နားနားပြီး ဖတ်…. Screen ရဲ့ ညာဘက် အောက်ဘက် ထောင့်ဆုံးမှာ ထောင်နေတဲ့ အတန်းလေး ရှိပါတယ် အခု အဲဒါလေးကို နှိပ်ကြည့်လိုက်ပါ…. ကျွန်တော်တို့ ရဲ့ mozilla ကြီး အောက်ကို ခဏ ပို့ လိုက်ပါပြီ ချက်ချင်း desktop မြင်ကွင်းကို အပြီးရောက်သွားပါပြီ… အပေါ်က ပြောခဲ့တဲ့ တင်တာက ခဏ ခိုးကြည့်တာပါ… ဒါက အပြီးသွားတာပါ တူဘူးနော်…. ညန်ညန်====
====အပေါ်က နည်းလေးကိုပဲ shortcut key လေးနဲ့ သွားလို့ ရပါတယ်…. Windows key+D ပါ…. Windows key ဆိုတာ ကီးဘုတ်အောက်ဆုံးက အောက်ဆုံးက အယ်………… လက်တော့ပ် ကီးဘုတ်က Desktop ကီးဘုတ်တွေနဲ့ တူမှာ ဟုတ်ဘူးထင်တယ်…. အောက်ဆုံးအတန်းမှာရှိတယ်ဗျာ…. Windows logo လေးနဲ့  လေးထောင်အတုံးလေး လေးခု ပါတဲ့ key အဲဒါ windows key…. ဒီနည်းကို ကြိုက်ပါဘူး…. Mouse pointer ကို အမြန်ဆုံး လုပ်ပြီး အောက်ကို ဆောင့်ဆွဲနှိပ် လိုက်ရင်တန်း နေတာပါပဲ…. အားနဲ့  သာဆွဲ အပြင်ကို ထွက်ပြေးသွားဘူး…. ဟီးဟီး====
====software တွေကို shortcut key ပေးထားလို့ ရပါတယ်…ဒါဆို မြန်မြန်ဆန်ဆန် ဖွင့်နိုင်မှာပါ…. ကိုယ် shortcut key ပေးချင်တဲ့ ဆော့ဝဲလ် ကို right click>properties box လေးပွင့်လာပြီ ဆိုရင် အဲ box အလယ်လောက်မှာ shortcut key: None ဆိုတဲ့ အတန်းလေးကို တွေ့ မှာပါ…. အဲ none လေးကို နှိပ်လိုက်ပါ….အဟီး သူ့ ကိုဖျက်ဖို့ တော့ ကြိုးစားနဲ့  နှိပ်ရုံပဲ နှိပ်…. သူက အဖျက်ခံဘူးတဲ့…. None ကိုနှိပ်ပြီး ရင် A to Z ထဲက ကိုယ် shortcut ထားချင်တဲ့ key ကို နှိပ်လိုက်ပါ…. ဒါဆို သူက ချက်ချင်း Ctrl+Alt+(Your chosen key) လို့ ပြနေမှာပါ ဒါဆို ရပါပြီ shortcut key ကို…. ကိုယ် shortcut လုပ်ထားတဲ့ ဆော့ဝဲလ်(ပရိုဂရမ်)ကို ပြန်ဖွင့်ချင် Ctrl+Alt+Key ပါ….ဗိုက်ဗိုက် ဆာဆာ====
====Taskbar မှာ မလိုတာတွေ တွဲမထားပါနဲ့ …. Windows explorer လေးပဲ ထားပါ….internet explorer တို့  media player တို့ ကိုဖြုတ်လိုက်ပါ….ဖြုတ်နည်းကတော့ ဖြုတ်ချင်တဲ့ ဟာလေးကို right click နှိပ် unpin this program from taskbar ကိုနှိပ်….ဒါဆိုပြုတ်သွားပါပြီ….windows explorer ဆိုတာ ၀ါဝါလေးနဲ့  လေးထောင့်ပုံလေးပါ သူ့ ကို နှိပ်လိုက်ရင် my computer ကိုနှိပ် လိုက်ရင် ပေါ်လာတဲ့ box နဲ့ တူတူပါပဲ လိုတော့မှ my computer ကို ပြူးပြဲ လိုက်ရှာနေရတဲ့ ကိစ္စက သက်သာသွားမှာပါ….မြန်းးးးးးးးးးးးးးးးးးးးးး=== =
====taskbar မှာ အပေါ်ထောင်နေတဲ့ မြှားချွန်လေးရှိပါတယ် နှိပ်လိုက်ပါ နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ program တွေကို တွေ့ ရမှာပါ….မလိုတာ ဘာပါလည်း ကြည့်ပါ…. မလိုတာတွေ ပိတ်လိုက်ပါ….startup မှာ သွား ပိတ်လိုက်ရင်တော့ နောက်လည်း ပွင့်တော့ဘူး ခင်ဗျ ခဏပိတ်ချင် ဒီမှာပိတ် အပြီးပိတ် ချင် ဟိုမှာပိတ် ညန်းးးးးးးးးးးးးးးဆိုကွာ ညန်းးးးးးးးးးးးးးးးး====
====ကွန်ပျူတာကို အလုပ် နှစ်ခု ပြိုင် မလုပ်ခိုင်း ပါနဲ့ …. bro တို့  ကွန်ပျူတာက အိုဘားမား ကိုင်တဲ့ ကွန်ပျူတာ ဆို တစ်မျိုးပေါ့လေ…ဟီးဟီး စတာပါ….ကျွန်တော် ကွန်ပျူတာဆို သိပ် မမြင့်ပါဘူး….ဒါကြောင့် အရမ်းကြီး မခိုင်းရဲပါဘူး….စက်က အခိုင်းခံ ရလွန်းလို့  ဟန်းသွားတာ ရပ်သွားတာမျိုး မဖြစ်ပါစေနဲ့ ====
====ရှိသမျှ updates အကုန် ပိတ်ထားပါ….အထူးသဖြင့် Mozilla က updates ကို ပိတ်ထားပါ….Windows ရဲ့ updates ကို ပိတ်ထားပါ….control panel ထဲက windows updates ကိုသွားပါ….မသွားတတ်ရင် start button လေးကိုနိပ် အောက်က search အကွက် ထဲမှာ windows updates လို့ နှိပ်လိုက်ရင် ပေါ်လာပါလိမ့်မယ် ၀င်လိုက်ပါ….ဘယ်ဘက်မှာ change settings လို့ ရှိပါတယ်…. ၀င်လိုက်ပါ…. important updates အောက်က အတန်းလေးကို နှိပ်ပြီး never check for updates ကိုရွေးပါ….အောက်ကို ဆက်ကြည့်ရင် စာကြောင်းလေး နှစ်ကြောင်းကို တွေ့ မှာပါ…. နှစ်ခုလုံးမှာ အမှန်ခြစ် ရှိရင် ဖြုတ်ထားလိုက်ပါ…. ဘာဖြစ်လို့  လုပ်တာလည်းဆိုတော့ ကျွန်တော်တို့  သုံးနေတဲ့ ၀င်းဒိုးက ကော်ပီ ပါ…. သူတိုင်းဆို မသိနိုင်ပေမယ့် updates လုပ်လိုက်ရင် ပိုင်ရှင်က ခိုးထားမှန်းသိသွားပါလိမ့်မယ်…. ဒါဆို လိုင်စင် တောင်းတာခံ နေရမှာပါ…. ကိုယ့် ၀င်းဒိုးက အမှန် ဆိုရင်တော့ windows updates ကို လုပ်ပါ…. စက်လေးတာမျိုး ဖြစ်မလာတော့ပါဘူး…. Mozilla updaes ကိုတော့ tool>options>advanced>update အောက်မှာ Never check for updates ကို ရွေးပါ…. သူကတော့ updates လုပ်လို့  ဘာမှ ကောင်းကျိုး မရှိပါဘူး…. မြန်မာနိုင်ငံ ကွန်နက်ရှင်က လေးရတဲ့ထဲ သူ updates လုပ်လို့  လိုင်းက ပိုလေးနေတတ်ပါတယ်====
====အင်တာနက် သုံးသူဆိုရင် antivirus တစ်ခု မဖြစ်မနေ ရှိပါစေ…. virus အမျိုးအစား တွေဟာလည်း လေးစေပါတယ်….အင်တာနက်ကို တောင်သင့်ရုံလောက် သုံးသူဆို antivirus တစ်ခု ဆောင်ထားပါ…. အဲလို မဟုတ်ဘူး တွေ့ ရာ ၀က်ဆိုက် ၀င်မွေ တတ်တဲ့ လေ့လာနေတတ်တဲ့ သူမျိုးဆို anti-malware လေးပါ ဆောင်ထားပါ====
====Mozilla အတွက် abdlock plus လေးရှိနေပါစေ…. အဲဒီ extension လေးက ၀က်ဆိုက်တွေကို ဖွင့်ရာမှာ မြန်မြန်ပွင့် လာအောင် လုပ်ေးပါတယ်…. ၀က်ဆိုက် တစ်ခုနဲ့  တစ်ခု ဖွင့်ဖို့ ကြာချိန်ချင်း မတူပါဘူး…. တစ်ချို့  ဆိုက်တွေက အရမ်းလေး နေတတ်ပါတယ်….မလိုအပ်တဲ့ ပုံတွေ flash file ထည့်သွင်းမှု တွေကြောင့်ပါ….သူတို့ က တော့ ကိုယ့်ဆိုက်လေး လှအောင် ထည့်တာပါ….bro တို့ က မလှလည်းနေ ကြည့်လို့ ရဖို့  လိုတယ်ဆိုရင် ကိုယ်မြန်အောင် လုပ်ချင်တဲ့ ဆိုက်ကို ဖွင့်ပါ… ဖွင့်ပြီးတာနဲ့  ဘေးဘက်မှာ ရှိတဲ့ ပုံတွေ တစ်ခုချင်းစီကို လိုက်ထောက်ကြည့်ပါ…. Block လို့ ပေါ်လာရင် bro တို့ အတွက်လည်း အဲဒီဟာက မလိုဘူးဆို နှိပ်လိုက်ပါ block ကို ဒါဆို အဲပုံ ပျောက်သွားပါမယ်….နောက် ဘယ်အချိန် အဲဆိုက်ကို ဖွင့်ဖွင့် အဲပုံက ပြန်ပေါ် မလာတော့ပါဘူး….ပြန်လိုချင်လည်း ပြန်လုပ်လို့ ရပါတယ်….ဒါဆို အနည်းနဲ့  အများတော့ ပိုမြန်လာမှာပါ…. တစ်ချို့ ပုံတွေက block မပေါ်ပေမယ့်လည်း right click နှိပ်ပြီး adblock plus:block image ဆိုတာလေးကို နှိပ်လိုက်ရင် ပျောက်သွားပါတယ်….ကျွန်တော်ဆို မောင် ဇိုဒစ်ကြီးရဲ့ ဘန်းနားကို right click နှိပ်ပြီး ဖျောက်ထားပါတယ်….ဒါဆို ဒီကောင်လေးကို သုံးတတ်ပြီ ထင်ပါတယ်….စမ်းသုံး စမ်းလုပ်ကြည့်ကြပါ…. အဲဒီ extension လေးကို ထည့်နည်းက https://addons.mozilla.org/en-US/fir…us/?src=search ကိုသွားပါ…. အစိမ်းရောင် add to firefox ဆိုတာလေးကို နှိပ်ပါ…. ဒါဆို ရပါပြီ….ပျင်းနေပြီလား မသိဘူး….နည်းနည်းစိတ်ရှည် ဖတ်ပါ…. အားလျော့နဲ့ အုန်း bro တို့ ရေ====
====အင်တာနက် speed နဲ့ ကွန်ပျူတာ speed လေးကို အနည်းငယ် လောက် တိုးကြည့်ကြမယ်ဗျာ….Run>%temp% ကိုဝင်ပါ….temp folder ထဲက ဖိုင်တွေက တစ်ခုမှ မလိုပါဘူး…. အကုန်ဖျက်ပစ်ပါ…. တစ်ချို့ ဟာတွေက ဖျက်မရ ဖြစ်တတ်ပါတယ်…. ရတာ အရင်ဖျက် ပစ်ပါ…. နောက်ဆုံးမှ မရတာကို တစ်ခုချင်းစီ ပြန်ဖျက်ပါ…ဒါဆို အကုန် ရပါပြီ====
====အပေါ်က ဟာရဲ့ နောက်တစ်ဆင့်က Run>gpedit.msc ကိုဝင်ပါ…. ပေါ်လာတဲ့ box ရဲ့ ညာဘက်ဘေးမှာ administrative Templates ကို နှစ်ချက်နှိပ်ပါ…. ဘယ်ဘက်က အကွက်ထဲမှာ Network ဆိုတာ ရှိပါတယ်…. နှိပ်ပါ….နောက်ထပ် ဘယ်ဘက်မှာ Qos Packet Schedular လို့ ရှိပါတယ်….နှိပ်…. နောက်ထပ် ဘယ်ဘက်မှာ Limit reservable bandwith နှိပ်…. Enabled ကို နှိပ် အောက်က bandwith အကွက်ထဲမှာ 50 လို့ ရိုက်….apply>ok ကိုနှိပ်ပါ အရင်က default ၂၀ နဲ့  လုပ်ပြီး အခု ၅၀ နဲ့  လုပ်တာမို့ အင်တာနက် က ၃၀ရာခိုင်နှုန်း ပိုမြန်လာမှာပါ====
====ကွန်ပျူတာထဲကို ဖိုင်တွေ ထည့်လိုက် ထုတ်လိုက် လုပ်ရလေ့ ရှိပါတယ်…. အဲ့အခါ ပထမ ၁၀ဖိုက် ဖိုးကို ထုတ်လိုက်ပါတယ် နောက်ပြန်ထည့်တော့ ၂၀ဖိုက် ဖိုးပါ ဒါဆို ကွန်ပျူတာက ၂၀ဖိုက်ကို နှစ်ပိုင်းပိုင်းပြီး ထည့်လိုက်ပါတယ် ပထမ ၁၀ဖိုက် နေရာမှာ တစ်ခု ကျန်တဲ့ အလွတ်မှာ တစ်ခုပါ ဒါဆို ဖိုင်က နှစ်ပိုင်းကွဲသွားပါပြီ ကိုယ်ပြန်ယူရင် အဲလို လိုက်ကောက်နေရတဲ့ အတွက် ပိုကြာပါတယ် ဒါကြောင့် ဖိုင်စီပေးပါ…. ဖိုင်စီတာကို အပြင်က ဆော့ဝဲလ်တွေနဲ့ စီလည်း ရသလို ၀င်းဒိုးမှာ ပါတဲ့ ပရိုဂရမ်နဲ့  စီလည်း ရပါတယ် ====
====Mozilla သုံးပြီး ၀က်ဆိုက်တွေ ကြည့်တဲ့ အခါမှာ လိပ်စာတွေကို အမြန်ရိုက်လို့ ရပါတယ်….ဥပမာ www.google.com ဆိုပါစို့  အမြန် ၀င်ချင်ရင် google လို့ ပဲ ရိုက်ပြီး Ctrl+Alt+Enter ကိုနှိပ်လိုက်ပါ….www. နဲ့  .com ကို Mozilla ကထည့်ပေး ပါလိမ့်မယ်….ဒါက .com တွေအတွက်ပါပဲ====
==== Mozilla မှာ ၀က်ဆိုက် တစ်ခု ကြည့်နေရင်း နောက်ထပ် တစ်ခု ထပ်ဖွင့်ချင်ရင် Ctrl+T ကိုနှိပ်ပါ….ပြီးတာနဲ့ ဖွင့်ချင်တဲ့ လိပ်စာကို ရိုက်ပါ ရပါပြီ မောက်စ် ကိုင်စရာမလိုပါဘူး….၀က်ဆိုက် တစ်ခုခုကို မှားပိတ်လိုက် မိရင် Ctrl+Shift+T ကိုနှိပ်ပါ…ပြန်ပေါ်လာပါလိမ့်မယ် ၀က်ဆိုက် တစ်ခုက ပွင့်ဖို့  ကြာနေရင် တစ်ခါ တစ်ခါ reload လုပ်ပေးလိုက်ရင် ကောင်းသွားပါတယ် မြန်မြန် ပွင့်လာပါတယ်…. Reload လုပ်ဖို့  right click>reload tab ကိုနှိပ်ရပါတယ် အမြန်ဆိုရင်တော့ F5 ပါ====
====website တွေ ဖတ်နေရင်း သဘောကျတဲ့ စာမျက်နှာ ရှိရင် ဒေါင်းလုတ်ဆွဲ ပြီး သိမ်းထားလို့ ရပါတယ်….ပုံမှန်ဆိုရင်တော့ right click>save page as ပါ….အဲဒါက အင်တာနက်လိုင်း ကောင်းဖို့  လိုပါတယ်….လိုင်းမကောင်းလည်း ဆွဲလို့ ရတဲ့ နည်းရှိပါတယ်….mozilla ရဲ့ အပေါ်ဘက် ညာဘက်ထောင့်မှာ file ဆိုတာရှိပါတယ် နှိပ်ပါ….ပြီးရင် print preview နှိပ် ဒါဆို browser ထဲမှာ မဟုတ်တော့ပဲ နောက်တစ်နေရာ ရောက်သွားပါမယ်….စာလုံးအရွယ် အစား သေးနေရင် အပေါ်မှာ ရာခိုင်နှုန်းလေးနဲ့  ပြထားတဲ့ ဂဏန်းတွေ ရှိပါတယ်…. လိုသလို ကြီးသေးပါ တစ်ကယ် ယူရင်သေးနေတာတို့  ဘေးတစ်ခြမ်း မပါတာတို့ ဖြစ်တတ်ပါတယ်…. အားလုံး စိတ်တိုင်းကျရင်တော့ print ဆိုတာကို နှိပ်လိုက်ပါ…. ဒါဆို သိမ်းဖို့  box ပေါ်လာပါပြီ…. နာမည်ပေး သိမ်းလိုက်ပါ….လိုင်းကောင်းဖို့  မလိုဘူး ဆိုပေမယ့် တစ်ခု သတိထား ရပါမယ်…. သူက မြင်နေရတဲ့ အတိုင်းကူးပေး မှာပါ….တစ်ခါတစ်ခါ လိုင်းမကောင်းရင် ပုံအပြည့် မပေါ်သေးတာမျိုးတွေ ရှိပါတယ်….အဲလို အချိန် မှာ ကူးရင် ပုံက အပြည့်ပါလာမှာ မဟုတ်ပါဘူး….စမ်းသုံးကြည့်ကြပါလို့  အင်းးးးးးးးးးးးးး ဘာတွေ လိုက်ရောင်းနေပါလိမ့်နော်????====
====အခု bro က windows 7 ကို aero themes သုံးနေတယ် ဆိုပါစို့  ကိုယ်ဘာသုံးနေမှန်း မသိလည်း စိတ်မပူပါနဲ့  နှစ်မျိုးပဲ သုံးလေ့ ရှိပါတယ်…. Aero နဲ့  basic ပါ…. အောက်က taskbar အတန်းလေးကို ကြည့်ပါ အကြည်လေး ဖြစ်နေရင် aero ပါ…. မသဲကွဲလည်း စိတ်မပူပါနဲ့  basic ကို bro ကိုယ်တိုင် မပြောင်းရင် ဘယ်သူမှ လာမပြောင်းပါဘူး….ဆိုင်က aero ပဲလုပ်ပေးတာပါ….အခု aero သုံးနေတယ်လို့  ယူဆပါမယ်…. my computer>right click>properties နှိပ်ပါ ညာဘက် အောက်လောက်မှာ performance and information tool ရှိပါတယ်…. နှိပ်ပြီး adjust visual effects ထပ်နှိပ်ပါ…. ပြီးရင် box တစ်ခုပေါ်လာပါမယ်…. အဲ box မှာ enable aero peek/desktop composition/transparent glass ရယ် show shadows under mouse pointer/windows ရယ် show thumbails instead of icons/windows content while dragging ရယ် smooth edge of screen fonts ရယ် use drop shawdows….on the desktop/visual styles….and buttons ရယ် မှာပဲ အမှန်ခြစ် လေးတွေ ရှိပါစေ…. ကျန်တာတွေ မှာရှိရင် ဖြုတ်ပြီး apply>ok နှိပ်လိုက်ပါ ဒါဆို တော်တော် မြန်လာပါပြီ…. ဒါလုပ်လိုက် လို့  ဘာမှ မထိခိုက်ပါဘူး…. အမြင်လည်း ဘာမှ သိသိသာသာ အပြင်ပြောင်းမသွားပါဘူး====

0 comments:

Post a Comment